Wednesday 13 November 2013

အားလုံးကျေးဇူးတင်ပါတယ်.......

- သင့်ဘဝထဲ ဝင်လာခဲ့ဖူးသူတိုင်း၊ သင်နဲ့ပတ်သက်ခဲ့ဖူးသူတိုင်းဟာ
အကျိုးအကြောင်းရှိလို့ဖြစ်တယ်။

- သင့်ကို နှစ်သက်တဲ့သူက သင့်ကို နွေးထွေးပျော်ရွှင်မှုတွေပေးတယ်၊
သတ္တိတွေပေးတယ်။

- သင် နှစ်သက်တဲ့သူက သင့်ကိုချစ်ခြင်းမေတ္တာအကြောင်း၊
တန်ဖိုးထားတတ်မှုအကြောင်း ပိုသိစေတယ်။

- သင့်ကို မနှစ်သက်တဲ့သူက သင့်ကို ခွင့်လွှတ်တတ်ဖို့၊ 
လေးစားတတ်ဖို့၊ သည်းခံတတ်ဖို့ သင်ပေးတယ်။

- သင် မနှစ်သက်တဲ့သူက သင့်ကို ကြီးပြင်းရင့်ကျက်ဖို့၊
သင့်ကိုယ်သင် ဆန်းစစ်တတ်ဖို့၊ ဆင်ခြင်တတ်ဖို့ သင်ယူစေတယ်။

- ဘယ်သူကမှ သင့်ဘဝထဲ အကြောင်းမရှိဘဲ ဝင်လာကြတာမဟုတ်ဘူး။
အကျိုးအကြောင်းရှိလို့ သင့်ရှေ့မှောက် သူတို့ရောက်လာတာဖြစ်တယ်။

- သူတို့ဟာ သင်နှစ်သက်သူဖြစ်စေ၊ မနှစ်သက်သူဖြစ်စေ.. သင့်ကို နှစ်သက်သူဖြစ်စေ၊ သင့်ကိုမနှစ်သက်သူဖြစ်စေ...

'' ကျေးဇူးတင်ထိုက်သူကို ကျေးဇူးတင်လိုက်ပါ.. ''
သူတို့ကြောင့် သင့်စိတ်ဓာတ်၊ သင့်အသိညဏ်
ပိုရင့်ကျက် ကြီးပြင်းစေခဲ့လို့ပါပဲ . . .။

အားလုံးကျေးဇူးတင်ပါတယ်....... :) 

99sanay  (နိုင်းနိုင်းစနေ)

No comments:

Post a Comment