Thursday 23 August 2012

သက်ကြီးပညာရီးနန့်ဘက်စုံဖွံ့ဖြိုးတိုးတက်ရီး

 

           သက်ကြီးပညာရီးနန့်ဘက်စုံဖွံ့ဖြိုး တိုးတက်ရီးအကျွန်ရို့နိုင်ငံမှာ သက်ကြီးပညာရီးနန့်ပတ်သက်လို့ တွိဆုံယှင်းလင်းပွဲတိ ကမကထလုပ်ချင်ကေလဲ လုပ်ဖို့အတွက် အရည်အချင်းမပြည့်မှီဖြစ်နိန်ပါရေ။ တခြားနိုင်ငံအင်တိုင်များများစွာ သက်ကြီးပညာရီးနန့်ပတ်သက်လို့ အကျွန်ရို့တိထက်ပိုလို့ အတွိအကြုံတိ ဟိကတ်ပါရေ။ ဒေကိစ္စမှာ အောင်အောင်မြင်မြင်လဲ ဟိကတ်ပါရေ။ ယေဒါလဲ အကျွန်ရို့ တန်ဇေနီယား (Tanzania) ကလူတိနားလည်စွာတခုက ပညာရီးရေ ဖွံ့ ဖြိုးတိုးတက်ခြင်းတိအတွက် အခြေခံကျပနာအရီးကြီးရေအရာတခု ဆိုစွာပင်ဖြစ်တေ။

 

           ဖွံ့ ဖြိုးတိုးတက်ခြင်းမှာ ရည်ရွယ်ချက်တခု ဟိရေဆိုကေ ယင်းဟင့်စွာ လူသားတိလွတ်မြောက်ခြင်းဆိုစွာပင် ဖြစ်တေ။ အကျွန်ရို့ပိုင် ဖွံ့ ဖြိုးတိုးတက်တုန်း နိုင်ငံတိမှာ စီးပွားရီး ဖွံ့ ဖြိုးတိုးတက်မှုအကြောင်းတိကို ပြောကတ်ပါရေ။ ကုန်ပစ္စ့ည်းတိ၊ ၀န်ဆောင်မှုတိ နန့် စွမ်းရည် မြင့်တက်ရီးတိကိုလဲ ပြောကတ်ပါရေ။ ယေဒါလဲ ယင်းကုန်ပစ္စည်းတိစွာ လူတိအတွက် အသုံးဝင်ရေ အရာတိဖြစ်ရဖို့၊ ၀န်ဆောင်မှုတိဆိုစွာလဲ လူသားတိဘ၀အဆင်ပြေချောမွိအောင်၊ အကျိုးဟိလာအောင် လုပ်ပီးဖို့လိုအပ်ပါရေ။ နိုင်ငံရီး၊ လူမှုရီး နန့် စီးပွားရီး အဆောက်အအုံတိစွာ လူသားတိ ဂုဏ်သိက္ခာနန့် လွတ်လပ်မှုကို မြှင့်တင်ပီးဖို့လိုအပ်ပါရေ။ အကျွန်ရို့တိရေ လုပ်ဆောင်ချက်နန့် တိုးတက်ခြင်း ရွယ်ရည်ချက်တိဟိရေ လွတ်မြောက်ခြင်းကိစ္စ ကိုပြောကေ အဓိကတော့ လူသားအကြောင်း မပါကေမဖြစ်ပါ။ ယေဒါလဲ လူတိရေ ကိုယ်ရို့တိုးတက်ဖွံ့ ဖြိုးဖို့၊ လွတ်မြောက်ဖို့အတွက် ကိုယ်ရို့စွာကိုယ်ရို့ရာ လုပ်ရဖို့ဖြစ်တေ။ သူရို့ကို တခြားတစ်ယောက်က တိုးတက်အောင်၊ လွတ်မြောက်အောင် လုပ်ပီးလို့မရ။ လူတိရေ ကိုယ်အားကိုယ်ကိုးရဖို့ဖြစ်တေ။ ကိုယ့်ကံကြမ္မာကိုဖန်တီးဖို့အတွက် ရည်ရွယ်ချက်နန့် မျှော်မှန်းချက် ဟိအောင်လုပ်နိုင်ရေ လူသားတိဧ။်စွမ်းပကားရေ လူသားတိကို တိရိ စ္ဆာန်တိနန့်မတူအောင် ခွဲလိုက်ခြင်းပင်ဖြစ်တေ။ နိုးကြားစိတ်တိဟိလာစွာကို အကျွန်ရို့ဆိုလိုချင်ရေ တိုးတက်ဖွံ့ ဖြိုးခြင်းလို့ မှတ်ယူသင့်ပါရေ။ ယင်းပိုင် နိုးကြားစိတ်တိ ဟိလာခါပြီးမှ လူသားတိရေ သူရို့စွာသူရို့၊ သူရို့ ပတ်ဝန်းကျင်နန့် လူမှုအသိုင်းအ၀ိုင်း ကြီးကျယ်အောင်လုပ်ဖို့ စွမ်းပကားတိ ဟိလာဖို့ဖြစ်တေ။


             ယင်းပချောင်ဆိုကေ တိုးတက်ဖွံ့ ဖြိုးခြင်းဆိုစွာ လူသားတိအတွက်၊ လူသားတိကိုယ်တိုင် ဆောင်ရွက်ရဖို့ အလုပ်တခုရာဖြစ်တေ။ ရည်ရွယ်ချက်က လူသားတိကို အသိအမြင်ခေါင်းပါးခြင်းနန့် မှီခိုမှုဆိုရေ အတားဆီးတိကနိန် လွတ်မြောက်လာစီဖို့အတွက်ပင် ဖြစ်ပါရေ။ ပညာရီးဆိုစွာ လူတိကို ကိုယ့်ဘာသာကိုယ် ထိန်းကျောင်းနိုင်မှု၊ ကိုယ့်ဘ၀ကိုယ်ကို အာမခံပီးနိုင်ဖို့၊ ကိုယ်ရို့နိန်ရေ ပတ်ဝန်းကျင်ကို ထိန်းသိမ်းနိုင်မှုတိ မြှင့်တင်နိုင်ဖို့အတွက် လူသားတိဧ။် ကာယဥာဏ လွတ်မြောက်ခြင်းကို မြင့်တင်ပီးရေ အရာဖြစ်တေ။ ယေဇုနန့် ပညာရီးက ရလာရေ အတွေးအခေါ်တိ၊ ပညာရီးကနိန် လွှတ်ပီးလိုက်တေ စိတ်သန္တာန်တိစွာ လွတ်လပ်မှုကို ပီးနိုင်ရေ အတွေးအခေါ်တိဖြစ်ဖို့လိုအပ်တေ။ ယင်းပိုင်ဗျာယ် ပညာရီးက ပီးလိုက်တေ အရည်အချင်းတိစွာလဲ လွတ်လပ်တေ အရည်အချင်းတိဘဲ ဖြစ်ရဖို့။ ယင်းပိုင်မဟုတ်ခဆိုလို့ဟိကေ ယင်းဟင့်ကို ပညာရီးလို့ သမုတ်လို့မရ။ လူသားတိကို ထိန်းချုပ်ဖို့အတွက် ကျွန်စိတ်ပေါက်လာအောင်၊ လူသားတိ စွမ်းပကားနှိမ့်ကျလားအောင် လုပ်တေ အရာရေ ပညာရီးမဟုတ်။ ယင်းဟင့်ရေ လူတိစိတ်ကို တိုက်ခိုက်ခြင်းပင်ဖြစ်တေ။ ဆိုလိုချင်စွာက သက်ကြီးပညာရီးဆိုစွာ လူသားတိကို သူရို့ဖာသာ သူရို့ တိုးတက်ဖွံ့ ဖြိုးခြင်းတိလုပ်လာနိုင်အောင် ကူညီပီးခြင်းရာဖြစ်တေ။ ယင်းပညာရီးစွာ နည်းပေါင်းစုံနန့် လူသားတိဧ။် စွမ်းပကားမြင့်တက်လာအောင် ပံ့ပိုးပီးရဖို့ဖြစ်တေ။ ဖွံဖြိုးတိုးတက်ရီးအတွက် လူသားတိကို ဆုံးဖြတ်ချက်တိကို သူရို့ဖာသာသူရို့ ချလာနိုင်အောင် ကူညီရဖို့ဖြစ်တေ။ နောက်ပြီးကေ လူသားတိကို ယှင်းယှင်းလင်းလင်းတွေးမြင်တတ်လာအောင်၊ ဖြစ်နိုင်ခြေဟိရေ တခြားနည်းလမ်းတိကို သေသေခြာခြာခွဲခြမ်းစိတ်ဖြာတတ်အောင်၊ ယင်းနည်းလမ်းတိထဲက တခုခုကို သူရို့အင်အားနန့် သူရို့ ရွီးခြယ်တတ်လာအောင် လုပ်ပီးနိုင်ရဖို့ဖြစ်တေ။ နောက်ပြီးကေ သူရိုတိ ဆုံးဖြတ်ချက်တိကို လက်တွိအကောင်အထည်ဖော်ဖို့ စွမ်းပကားတိဟိလာအောင်လဲ လုပ်ပီးရဖို့ဖြစ်တေ။

 

              ပုဂ္ဂိုလ်ရီးနန့် ရုပ်ပိုင်းဆိုင်ရာတိုးတက်ဖွံဖြိုးခြင်းကို ခွဲခြားပစ်လို့မရ။ ဒေဟင့်မှာလူသားတိရေ ဖွံဖြိုးတိုးတက်ခြင်းတိကို လုပ်လာနိုင်ဖို့အတွက် တိုးတက်ခြင်းဆိုစွာဇာဟင့်လဲ၊ ဇာပိုင် ဦးတည်ချက်နန့် သူ့ အသိုင်းအ၀ိုင်းကိုခေါ်လားဖို့လဲ ဆိုစွာကို ဆုံးဖြတ်ရဖို့ဖြစ်ပြီးကေ ပဇာပိုင် ကိုင်တွယ်ဖြေယှင်းဖို့လဲ ဆုံးဖြတ်ရဖို့ဖြစ်တေ။ လူသားတိရေ သူ့ ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းနန့် ကင်းကွာပြီးကေ ဖွံ့ ဖြိုးတိုးမှုတိကို လီဟာနယ်ထဲမှာ လုပ်လို့မရ။ သူများတိကလဲ သူ့ရို့တိအတွက် ဖွံ့ ဖြိုးတိုးတက်လာအောင်လုပ်ပီးလို့ မရ။ လူသားတိဧ။် အသိအမြင်နိုးကြားမှုဆိုစွာ စိုင်းစားခြင်း၊ ဆုံးဖြတ်ခြင်းနန့် လက်တွိဆောင်ရွက်ခြင်းကနိန်လာရေ။ ယင်းပိုင်ပျာယ် သူ့ စွမ်းပကားကိုလဲ လက်တွိလုပ်ဆောင်ချက်တိ လုပ်ပြီးမှရာတဆင့် တိုးမြှင့်လို့ရဖို့ဖြစ်တေ။

 

             အလုပ်တိလုပ်တေဆိုစွာ သူများနန့် ပူပေါင်းဆောင်ရွက်ခြင်းပင်ဖြစ်တေ။ ယင်းပိုင်မဟုတ်ဘဲ တကွဲတပြားစီလားလုပ်ကေ လူတိရေ စိတ်ပိုင်းဆိုင်ရာအရအင်အားချိနိ ပနာ ရုပ်ပိုင်းဆိုင်ရာအရပါ ခိုကိုးရာမဟိ ဖြစ်လားတတ်တေ။ ယေဇုနန့် လွတ်မြောက်ရီးအတွက် ပညာရီးရေ ပူးပေါင်းဆောင်ရွက်ခြင်းအတွက် ပညာရီးပင်ဖြစ်တေ။ ပဇာဖြစ်လို့လဲ ဆိုကေ ယင်းပိုင်ပူးပေါင်းဆောင်ရွက်မှရာ လူသားတိရေ သဘာဝ အနှောင်အဖွဲ့ တိနန့် လူသားအချင်းချင်း ချုပ်ချယ် ကန့်သန့်မှုတိအောက်က လွတ်မြောက်နိုင်ဖို့ဖြစ်တေ။ ယေဇုနန့် ဒေနိန်ရာမှာ ပညာရီးဆိုစွာရေ ကာယကံသျှင် လူပုဂ္ဂိုလ်တိနန့် ဆိုင်ပြီးကေ ကာယကံသျှင် ပုဂ္ဂိုလ်တိ အတွိအကြုံနန့် ဆက်စပ်နိန်ရေ။ သူရို့ အသိမြင်နိုးကြားမှုကို တခြားလူတိက လာလုပ်ပီးလို့မရ။ နောက်ပြီးကေ ပညာရီးရေ လူမှုရီးရာ အရာရောက်လာဖို့အတွက် လုပ်ဆောင်ချက်တခုပင်ဖြစ်တေ။ ပဇာဖြစ်လို့လဲ ဆိုကေ ပညာရီးကြောင့် လွတ်လပ်လားခရေ လူတစ်ယောက်ရေ အသိုင်းအ၀ိုင်းမှာ အရီးပါရေ လူဖြစ်လာပြီးကေ ပညာရီးကဖန်တီးလိုက်တေ သူ့ ပြောင်းလဲမှုတိရေ သူနိန်ထိုင်ရေ အသိုင်းအ၀ိုင်းအ၀ိုင်းကိုပါ အကျိုးသက်ရောက်နိန်လို့ပင်ဖြစ်တေ။ နောက်အမြင်တမျိုး ဟိသိမ့်ရေ။ လူတိရေ တခုခုလိုချင်လို့ ပညာသင်ကတ်တေ။ ယင်းပိုင် ဖွံဖြိုးတိုးတက်လာဖို့ စွမ်းပကားတိဟိလာအောင် သူရို့တိပညာ သင်ယူစွာရေ အသိအမြင်နိုးကြားလာအောင်နန့် နားလည်မှုပိုဟိလာအောင် လုပ်စွာပင်ဖြစ်တေ။ ယင်းပိုင်မဟုတ်ဘဲ ထရံမှာချိတ်ထားဖို့ ဘွဲ့ ရလက်မှတ်ရစွာလောက်၊ ပညာတတ်ဖြစ်တေဆိုရေ ဂုဏ်ပကာသနကို လိုချင်စွာလောက်၊ ငါသိငါတတ်ဆိုရေ စိတ်ကြီးဝင်စွာလောက်ဘဲဟိကေ ယင်းလူရေ ပညာရီးကြောင့် လွတ်မြောက်လားရေလူလို့ မခေါ်နိုင်။ ယင်းပိုင် စိတ်ဆန္ဒတိဟိစွာရေ လောဘဇောတက်ပနာ ရောဂါရနိန်ရေ အသိုင်းအ၀ိုင်းဧ။် ပြယုဂ်တခုပင်ဖြစ်တေ။ တရားဝင်အသိအမှတ်ပြုထားရေ ဘွဲ့ ရလက်မှတ် (၀ါ) သင်တန်းဆင်းလက်မှတ်တိ များလာစွာကို အသိအမြင်များလာစွာလို့မခေါ်၊ ယင်းဟင့်ရေ ဖွံ့ ဖြိုးတိုးတက်ခြင်းနန့် တခုလဲ မဆိုင်။

            ယေဇုနန့် သက်ကြီးပညာရီးစွာ ဖွံဖြိုးတိုးတက်ခြင်းအတွက်ဆိုကေ လူသားတိဘ၀အတွက် အစိတ်အပိုင်းတခု ဖြစ်နိန်ရဖို့။ ဘ၀ထဲမှာ နှစ်ပနာ ဘ၀နန့် ခွဲခြားလို့ မရအောင် ဟိနိန်ရဖို့။ ပစ္စည်းတခုပိုင် တိုက်တာထဲမှာ ထည့်ထားပြီးကေ တစ်ရက်၊ တပတ်လောက်ကြာလို့ ကိုယ်လိုချင်ခါမှ ထုတ်ယူလို့ရရေ ပိုင်မဖြစ်သင့်။ နောက်ပြီးကေ ပညာရီးကို လူတစ်ယောက်ကိုအဓ္ဓမ ပီးလို့မရ။ ပညာသင်ယူရေလူအားလုံးရေ ကိုယ့်စိတ်နန့်ကိုယ် လိုလိုလားလား သင်ယူနိုင်ရဖို့ဖြစ်တေ။ ပဇာဖြစ်လို့လဲဆိုကေ ဇာသူကဇာလောက်ပင် သင်ပြလီပတ်စီ သင်ယူရယ်လူတိက သင်ယူချင်ကတ်မှ ပညာရီးအရာရောက်ဖို့ဖြစ်တေ။ နောက်ထပ်လို့ပြောရကေ သက်ကြီးပညာရီးဆိုစွာ စိုက်ပျိုးရီး၊ ကျမ်းမာရီး၊ စာပီ နန့် စက်မှုလက်မှုကန်ဒ တိကိုကျည်း သင်ရေ အရာမဟုတ်။ ဒေပိုင် ကွဲပြားနိန်ရေ ပညာရီးကန်ဒတိကတော့ လူသားတိ ဘ၀တိနန့် ဆက်စပ်နိန်စွာပင်ဖြစ်တေ။ ယပြီးကေ သူရို့တိ ပဇောင်ပိုင်လူဖြစ်လာဖို့စွာနန့်လဲ ဆိုင်ရေ။ ပဲကို ရောင်းဖို့အတွက် ပဲဈီးကွက်လည်ပတ်ပုံနန့် အဟာရ ချက်လုပ်ခြင်းအကြောင်းကို မသိကေ ပဲကို ဘဇောင်ပိုင်စိုက်ပျိုးရဖို့လဲ သင်ယူစွာရေ ထင်သလောက် အသုံးဝင်ဖို့မဟုတ်။ ဆိုလိုချင်စွာက သက်ကြီးပညာရီးစွာ ပြောင်းလဲ ခြင်းတိဖြစ်ပေါ်လာအောင် မြှင့်တင်ပီးဖို့လိုအပ်တေ။ တဆက်တည်းမှာဗျာယ် လူသားတိရေ သူရို့ကို တခြားလူတိက လွှမ်းမိုးချုပ်ချယ်ပနာ ပြောင်းလဲနှိမ့်ကျခိုင်းရေ အရာတိနန့် သဘာဝဘေးဆိုးဒဏ်ကြောင့် ပြောင်းလဲလားရေ (မလိုလားအပ်တေ) အရာတိကို ဒေပညာရီးက ထိန်းချုပ်ထားနိုင်ရပါဖို့ဖြစ်တေ။ ထပ်လို့ဆိုရကေ သက်ကြီးပညာရီးစွာ လူသားတိ တဘ၀လုံးနန့် ဆိုင်ပနာ၊ လူသားတိမှာ နဂိုဟိနိန်ပြီးသားအရာတိနန့် စလို့ တည်ဆောက်ရပါရေ။

 ပြောင်းလဲခြင်းနန့် သက်ကြီးပညာရီး

             သက်ကြီးပညာရီးအတွက် ပထမဆုံးလုပ်ဆောင်ချက်က လူတိကို ပြောင်းလဲ (တိုးတက်) ချင်စိတ်ဟိလာအောင် နိုးဆွပီးခြင်းနန့် ယင်းပြောင်းလဲ (တိုးတက်) ခြင်းရေလဲ လက်တွိလုပ်လို့ ဖြစ်တေဆိုစွာကို နားလည်အောင်လုပ်ပီးခြင်းဖြစ်တေ။ ဆင်းရဲတွင်းနက်နိန်စွာတိ၊ ဒုက္ခခံနိန်ရစွာတိစွာ ထာဝရဘုရားသခင် လုပ်ထားလို့ သူ့ အလိုအတိုင်း ဒေပိုင်ဘဲနိန်ရဖို့ ဆိုရေ ယုံကြည်ချက်ရေ လူသားတိ လွတ်လပ်ခြင်းအတွက် အဓိက ရန်သူပင်ဖြစ်တေ။ ကိုယ်ရို့ကြုံတွိခံစားနိန်ရရေ အခြေအနိန်တခုကို မလိုလားမနှစ်သက်ကေ ယင်းအခြေအနိန်ကနိန် ပြောင်းလဲ တိုးတက်ချင်စိတ်ဟိရဖို့။ ယင်းပိုင်မဟုတ်ကေ ဒေဟင့်ရေ ကကောင်းဆိုးရွားစီရေ ကိစ္စပင်ဖြစ်တေ။ ယင်းပိုင် ဆင်းရဲခြင်းတိ၊ ရောဂါကပ်ဆိုးတိ၊ ဖိနှိပ်ခြင်းတိ၊ အာဏာသျှင်တိအောက်မှာနိန်ရစွာရေ လူသားတိဘ၀ကို ဆိုးရွားစီရေ ဆိုစွာကို လူသားတိအယင် နားလည်ဖို့ လိုအပ်တေ။ ယပြီးကေ ယင်းဆိုးရွားရေ အခြေအနိန်တိကနိန် ပြောင်းလဲတိုးတက်အောင် တစ်ယောက်ချင်းစီဖြစ်ဖြစ်၊ စုပေါင်းလို့ပင်ဖြစ်ဖြစ် လုပ်လို့ရရေ ဆိုစွာကိုလဲ လူသားတိ နားလည်ဖို့လိုအပ်တေ။

             ယေဒါလဲ ယင်းပိုင်အလုပ်တိကို သက်ကြီးပညာရီးလို့ ခေါ်လေ့ခေါ်ထ မဟိကတ်တေပိုင် သက်ကြီးပညာရီးအဖွဲ့ အစည်းတိနန့် ပညာရီးဌာနတိကလဲ ယင်းအလုပ်တိကို သူရို့လုပ်ဆောင်ချက်တခုအဖြစ် သတ်မှတ်လေ့ မဟိကတ်။ ယင်းပိုင်ယာ အဘုသျှေတစ်ယောက်ကို လမ်းလျှောက်ဖို့ စကားပြောဖို့ သင်ပီးစွာကိုလဲ ပညာရီးဆိုပနာ လူတိက မခေါ်ကတ်။ ယေဒါလဲ အဘုသျှေတစ်ယောက် အချိန်တန်လို့ သူ့စွာနန့် သူစကားမပြောတတ် ဆိုခါမှ ဂီလာနတိအတွက် သီးသန့်ဖွင့်ထားရေ ကျောင်းတိကို ပို့ကတ်တေ။ ယင်းပိုင်ပျာယ် သက်ကြီးပညာရီးအဖွဲ့ အစည်းတိက လူတိအတွက်လိုအပ်တေ အသိမြင်နိုးကြားခြင်းကိစ္စတိကို မလုပ်ကေလဲ ပြောင်းလဲခြင်းကတော့ သူရို့တိ လုပ်ဆောင်နိန်ကတ်တေ လုပ်ရပ်အခြေအနိန်တိ ဘားမှာအများကြီး မူတည်နိန်ပါရေ။ ဖွံ့ ဖြိုးတိုးတက်တုန်း နိုင်ငံတိမှာကတော့ ဒေအလုပ်ကို တစ်ယောက်ယောက်က ဖြစ်ဖြစ်၊ အဖွဲ့ အစည်းတခုကဖြစ်ဖြစ် လုပ်ပါရေ။ ဒေအလုပ်ကို အသိုင်းအ၀ိုင်းတိုးတက်ရီးဆောင်ရွက်တေလူတိကဘင်ဖြစ်ဖြစ်၊ နိုင်ငံရီးနန့်ဆိုင်ရေ ပညာရီးအရာဟိတိကဘင်ဖြစ်ဖြစ်၊ သက်ကြီးပညာရီးဆြာတိကပင် ဖြစ်ဖြစ်၊ လုပ်ကေလဲ ဒေလုပ်ရပ်ရေ အဂယင့်မှာက အဖွဲ့ အစည်းနန့် ကျွမ်းကျင်မှုနန့် ဆိုင်ရေ ကိစ္စတိရာဖြစ်တေ။ အရီးကြီးစွာက အလုပ်ပြီးမြောက်ဖို့ရာဖြစ်ပြီးကေ ဒေဟင့်ကို တိုးတက်ရီးနန့် ပညာရီးလုပ်ဆောင်ချက်တိအတွက် အခြေခံကျပြီးကေ မဟိမဖြစ်လိုအပ်တေ အရာတခုအဖြစ် မှတ်ယူသင့်ရေ။

                သက်ကြီး ပညာရီး ဒုတိယအဆင့်လဲ ယင်းအတိုင်းရာဖြစ်တေ။ ယင်းချင့်စွာ လူတိကို ပဇာပိုင် ပြောင်းလဲခြင်းတိကို သူရို့တိလိုချင်လေ၊ ယင်းပိုင်ပြောင်းလဲခြင်းတိကို ပဇာပိုင်ဖန်တီးရဖို့လဲ ကူညီခြင်းပင်ဖြစ်တေ။ ဥပမာ- ရွာက လူတိကို ငှက်ဖျားရောဂါပိုးဆိုစွာရေ အမြစ်ပြတ်အောင်တိုက်ဖျက်လို့ရရေ၊ တသမတ်တည်း ကြာရှည်ဒုက္ခခံနိန်ရဖို့ အရာမဟုတ်ဆိုစွာကို သိအောင် ပြောစွာလောက်နန့် မရသိမ့်ပါ။ သူရို့တိကို ငှက်ဖျားရောဂါပိုးကို ဆီးတိသောက်ပနာ၊ ခြင်တိကို နှိမ်နှင်းပနာ ပဇောင်ပိုင် ကြိုတင်ကာကွယ်ရလေ၊ ရောဂါဖြစ်လာခါလဲ ပဇောင်ပိုင် ဆီးကုရလေ ဆိုစွာကိုပါ သင်ပီးရပါဖို့။ ယေဇုနန့် အကျွန်ရို့တိမှာ လူတိ အသိအမြင်ကို ကျယ်ပြန့်စီဖို့ သင်ယူခြင်းနန့် ဆိုင်ရေ ဖြစ်စိုင်တိပါဝင်ရေ ပညာရီးဆိုင်ရာ လုပ်ဆောင်ချက်တိအများကြီးဟိပါရေ။ ယင်းပိုင်ဗျာယ် လူသားတိနန့် လူ့ ပတ်ဝန်းကျင်ကဘ၀တိ မြင့်တက်လာဖို့အတွက် အထက်ပါ ပညာရီးလုပ်ဆောင်ချက်တိကို ပေါင်းစည်းဖို့လိုအပ်ပါရေ။ ယင်းဟင့်တိရေ ပညာသင်ပြသူ (လမ်းညွှန်သူ) တိအလုပ်ပင်ဖြစ်တေ။


သက်ကြီးပညာရီးနယ်ပယ်

            ယေဇုနန့်သက်ကြီးပညာရီးဆိုစွာ လူသားတိနားလည်နိုင်စွမ်းကို မြှင့်တင်ပီးစွာတိ၊ လူသားတိနိုးကြားတက်ကြွလာအောင်လုပ်ပီးစွာတိ၊ ကိုယ့်ဆုံးဖြတ်ချက်ကို ကိုယ်တိုင်ချတတ်အောင်နန့် ချမှတ်ပြီးသားဆုံဖြတ်ချက်တိကို ကိုင်တယ်ဖြေယှင်းတတ်အောင် လုပ်ပီးရေ အရာတိပင်ဖြစ်တေ။ ယင်းဟင့်မှာ လေ့ကျင့်ပီးမှုတိ ပါရေ၊ ယေဒါလဲ ယင်းဟင့်ထက်ပိုသိမ့်ရေ။ ယင်းဟင့်မှာသွီးထိုးလှုံ့ဆော်မှုတိပါရေ၊ ယေဒါလဲ ယင်းဟင့်ထက် ပိုသိမ့်ရေ။ ယင်းဟင့်မှာ အဖွဲ့ အစည်းတိနန့် ရွိပြောင်းခြင်းတိပါရေ။ ယေဒါလဲ သက်ကြီးပညာရီးဆိုစွာ ရွယ်ရည်ချက်ဟိဟိ နန့် ဖြစ်လာဖို့ ယင်းဟင့်ထက် အများကြီး ပိုပါရေ။

            ယေဇုနန့် ပညာရီးသမားတိဘက်က ကြည့်ကေ သက်ကြီးပိုင်းပညာရီးရေ နှစ်မျိုးနှစ်စားဟိပြီးကေ တစ်ခုနန့် တစ်ခု မှီခိုနိန်ကတ်စွာကို တွိရရေ။

           ပထမတမျိုးက ယေဘုယသမားတိဖြစ်တေ နိုင်ငံရီးလှုပ်သျှားသူတိနန့် ပညာရီးသမားတိပင်ဖြစ်ကတ်တေ။ သူရို့တိရေ နိုင်ငံရီးပါတီတိက လူတိဟုတ်ချင်မှဟုတ်ဖို့၊ ယင်းပိုင်ဗျာယ် အသိုင်းအ၀ိုင်းဖွံဖြိုးတိုးတက်ရေးဆောင်ရွက်သူ နန့် ဘာသာရီးဆြာတိ ဟုတ်ချင်မှလဲ ဟုတ်ဖို့။

            ယင်းလူတိစွာ သူရို့တိ လုပ်နိန်ကတ်တေ အလုပ်သဘောသဘာဝအရ ကြားနိန်လို့ မရရေလူတိဖြစ်ကတ်တေ။ သူရို့လုပ်နိန်ကတ်တေအရာတိရေ လူသားတိ နိန်ထိုင်ရေ အသိုင်းအ၀ိုင်းကို ပြောင်းလဲဖို့၊ အသုံးချဖို့ ကြိုးစားကတ်စွာတိကို အကျိုးသက်ရောက်မှုဟိစီရေ။ ရွာကလူတိကို ငှက်ဖျားရောဂါဆိုစွာ တိုက်ဖျက်လို့ရရေလို့သင်ပီးလိုက်စွာရေ သူရို့ကို ပိုလို့ကြီးမားရေ အသိုင်းအ၀ိုင်းတခုကို တောင်းဆိုခြင်းကို ဖြစ်ပေါ်စီရေ။ အနည်းဆုံးသူရို့တိရေ ပိုးသတ်ဆီးတိ၊ ဆီးဝါးတိ၊ အသိပညာပီးသူတိ ရဟိအောင်တောင်းဆိုကတ်ဖို့။ သူရို့တိရေ သူရို့သိစွာလောက်နန့် ကြေနပ်တင်းတိမ်နိန်ရေ တဆင့်ခံလူသားတိ ဟုတ်ကတ်ဖို့ မဟုတ်ဗျာယ်။ သူရို့လိုချင်စွာတိအတွက် စိတ်အားထက်သန်လာရေ လူတိရေ ပြောင်းလဲမှုတခု မဖြစ်ပေါ်လာရေအခါ (၀ါ) အစားထိုးဖို့ တခုခု မရရေအခါ ယင်းဟင့်တိကို မလုပ်ပီးနိုင်ရေ အာဏာပိုင်တိကို မကြေမနပ်ဖြစ်ပနာ မုန်းတီးလာကတ်ဖို့ ဖြစ်တေ။ ယေဇုနန့် သက်ကြီးပညာရီးဆိုစွာ အဆင့်မြင့် နိုင်ငံရီးလုပ်ဆောင်ချက်တရပ်ပင်ဖြစ်တေ။

            ဒေယေဘုယသမားတိ အလုပ်ရေ သက်ကြီးပညာရီးအတွက် အက္ခရာပင်ဖြစ်တေ။ သူရို့လုပ်ရဖို့ တာဝန်တိပြီးခါမှ တောင်းဆိုမှုတိ ဖြစ်ပေါ်စီပြီးကေ ပြသနာတိကို သတ်မှတ်ပီးနိုင်ဖို့ဖြစ်တေ။ ယပြီးခါမှ အကျွန်ရို့ခေါ်ရေ “ကျွမ်းကျင်သူတိ” ကထိထိရောက်ရောက် အသုံးဝင်လာဖို့ဖြစ်တေ။ စာဖတ်သူတိကရာ ရွာတရွာကို လားပြီးကေ နာလာမြောင်းပုပ်တိကို ဘဇောင်ပိုင် ဆီးဖြန်းရဖို့လဲ ယှင်းပြကေ ယဉ်ယဉ်ကျေးကျေး နားထောင်ကတ်လိမ့်မယ်။ ယေဒါလဲ ယင်းရွားသားတိက ယင်းပိုင် နာလာအင်းတိကို ပဇာဖြစ်လို့ ဆီးဖြန်းရလဲ၊ ဆီးဖြန်းလို့ ဇာဖြစ်လာဖို့လဲ နားမလည်ကေ စာဖတ်သူတိ ပြန်လားခရေအချိန်မှာ တခုလဲ ဖြစ်လာဖို့မဟုတ်။ ယေဇုကြောင့်နန့် ကျမ်းမာရီးအတွက် ပညာပီးရေလူတစ်ယောက်အနိန်နန့် ယင်းပိုင်ယှင်းလင်းချက်တိကို သူကိုယ်တိုင် ယှင်းလင်းနိုင်ရဖို့ဖြစ်တေပိုင် ယှင်းလင်းဖို့အတွက်လဲ ပြင်ဆင်ထားသင့်ရေ။ ရွာသူ၊ ရွာသားအများစုကရာ ခြင်သတ်ဆီးဖြန်းရရေ ရည်ရွယ်ချက်တိ၊ သူရို့ကိုယ်တိုင် ပဇာပိုင် ဖြန်းဖို့လဲဆိုစွာတိကို ကြိုလို့ သင်ယူလေ့လာထားကတ်ဖို့ဆိုကေ ယင်းကျမ်းမာရီးပညာပီးသမားတိ လေ့လာထားရေ တဖက်ကမ်းခပ် အသိအမြင်တိရေ ပိုလို့အကျိုးသက်ရောက်စီဖို့ ဖြစ်တေ။

             ကျွမ်းကျင်သူတိနန့် ဆိုင်ရေ သက်ကြီးပညာရီးအဆင့်မှာ ကျမ်းမာရီး၊ စိုက်ပျိုးရီး၊ ပက်လက်ချေစောင့်သျှောက်ရီး။ စီမံခန့်ခွဲရီး၊ စာတတ်မြောက်ရီး နန့် တခြားပညာရီးအမျိုးအစားတိအဖြစ် နယ်ပယ်အသီးသီးကွဲလားပါရေ။ ယေဒါလဲ ဒေနယ်ပယ်တခုစီစွာ လုံးချင်းကျည်း ရပ်တည်လို့မရပါ။ သူရို့အလုပ်တခုနန့် တစ်ခုရေ ပေါင်းစည်းဆက်စပ်နိန်ဖို့လိုရေ။ စိုက်ပျိုးရီးကျွမ်းကျင်ရေလူတိအလုပ်ရေ အဟာရဗေဒပညာသျှင်တိ နန့် ရွာသူ၊ ရွာသားတိကို ရောင်းဝယ်ဖောက်ကားစွာမှာ လေ့ကျင့်ပီးရေလူတိနန့် ဆက်စပ်နိန်ရဖို့။ ယင်းပိုင်မဟုတ်ကေ ရွာသားတိကို စာသင်ပီးဖို့ လူတိနန့်လဲ ဆက်စပ်ပနာ လုပ်ချင်ကေလုပ်ရဖို့။ အဂယင့်မှာ သက်ကြီးပညာရီးတခုလုံး ရုပ်လုံးပေါ်လာဖို့အတွက် ပင့်ကူအိမ်ပိုင် တမျှင်နန့်တမျှင်သေခြာ ရက်လုပ်ထားပြီးကေ၊ တမျှင်ချင်းစီက တခြားအမျှင်တိကို ထောက်ပံ့အားပီးပနာ ဆက်စပ်နိန်ရေပိုင်ဖြစ်နိန်ရဖို့။ သက်ကြီးပညာရီးမှာ အစပြုခြင်းနန့် ပြီးဆုံခြင်းဆိုစွာဟိရေလို့ အကျွန်မဆိုလိုပါ။ ယင်းပိုင်ဗျာယ် လူပုဂ္ဂိုလ်တဦးတစ်ယောက် (၀ါ) အသိုင်းအ၀ိုင်းတခုအတွက် သက်ကြီးပညာရီးနယ်ပယ်တိုင်းမှာ မဟိမဖြစ် ပါရဖို့လို့လဲ မဆိုလိုပါ။ အကျွန်ပြောချင်စွာက သက်ကြီး လူထုပညာရီးဆိုစွာ သူ့ဘာသာသူ သီးသန့် ရပ်တည်လို့မရလို့ ပြောချင်စွာ။ အဂယင့်ရာလူတိရေ သူရို့ကျမ်းမာရီးပိုကောင်းလာအောင် မြှင့်တင်ချင်စိတ်ဟိကေ ကျမ်းမာရီးပညာပီးသမားရေ သူရို့တိကို ရောဂါတိကြိုတာကာကွယ်ရီးအကြောင်းတိကိုပြောယင်း တဆက်တည်း စိုက်ပျိုးရီးနည်းလမ်းတိကိုလဲ မြှင့်တင်ဖို့အတွက်လိုအပ်တေဆိုစွာကို အသိအမြင်ပီးနိုင်ရဖို့၊ ယင်းပိုင်မဟုတ်ကေ ရောဂါကုသရီး ဆီးပီးခန်းချေတစ်ခု အုတ်မြစ်ကျလာအောင် ကူညီပီးသင့်ရေ။ ယပြီးကေ ကျမ်းမာရီးအတွက် ပညာပီးသမားတိမှာ စိုက်ပျိုးရီးကျွမ်းကျင်သူတိနန့်ပါ အဆက်အသွယ် အချိတ်ဆက်ဟိသင့်ရေ။ ယေမှရာ အသစ်ထွက်ပေါ်လာရေ လူတိဧ။် 63စိတ်ဝင်စားမှုကို ဖြည့်ဆည်းပီးနိုင်ဖို့ဖြစ်တယ်။

             ယေဒါလဲ တခြားတသီးပုဂ္ဂိလိကတိနန့် အသိုင်းအ၀ိုင်းတိက သူရို့စိတ်ဝင်စားရေ သီးခြားကိစ္စတိကို ဆောင်ရွက်ချင်ဆောင်ရွက်ကတ်ဖို့။ ယင်းကိစ္စတိအထမြောက်ဖို့အတွက် လူထုပညာရီးက သင့်လျော်ရေ နည်းလမ်းနည်းနာတိ ဖြည့်စွက်ကူညီပီးနိုင်ရဖို့ ဖြစ်တေ။ ဥပမာ ယင်းပညာရီးရေ လူသားတိစာတတ်မြောက်ရေးကို ဦးတည်ဖို့အတွက် စနစ်တကျပြုလုပ်ထားရေ ပညာရီးကို အကောင်အထည်အဖော်နိုင်ခကေတောင် (လိုအပ်တေ)စာအုပ်စာတမ်းတိ စီစဉ်ပီးနိုင်ရဖို့ ဖြစ်တေ။ လူထုပညာရီးဆိုစွာ လူတိကို သူရို့ပတ်ဝန်ကျင်မှာဟိပြီးသားပညာသင်ထောက်ကူပြု အရင်းအမြစ်တိဖြစ်တေ ဆီးကုခန်း၊ ဗဟုသုတဟိရေလယ်သမား၊ ကျောင်းဆြာ တိဘားက ဘဇောင်ပိုင် သင်ယူလို့ ရလေဆိုစွာကို ပြသရဖို့ ဖြစ်တေ။ သက်ကြီး လူထုအပညာရီး အစပိုင်းမှာ အခြေခံအုတ်မြစ်ချရေနိန်နန့် လူတိရေ သူရို့လိုချင်ရေ ဆန္ဒတိ၊ အကျိုးစီးပွားတိကို မူတည်ပနာ သူရို့လိုချင်ရေ ပညာရီးပုံစံကို သူရို့ဘာသာ တည်ဆောက်ရဖို့ဖြစ်တေ။ ပညာသင်ပြရေလူကိုယ်တိုင်ကလဲ ယင်းပိုင်လုပ်ဆောင်ချက်တိကို သူလက်တွိလုပ်နိန်ရေ လုပ်ငန်းဆောင်တာတိကနိန်တဆင့် ပြသရဖို့ဖြစ်တေ။ ယင်းဟင့်တိက လူတိအသိအမြင်ဗဟုသုတကို တိုးအောင်လုပ်ရေ အလုပ်တိဖြစ်တေ စာဖတ်ခြင်း၊ ရေဒီယိုနားထောင်ခြင်း၊ ဆွေးနွေးခြင်း၊ ကာယလေ့ကျင့်ခန်းတိမှာပါဝင်ခြင်း နန့် တခြား ပညာရီးနန့်ဆိုင်ရေ ကာလတို သင်တန်းတိကို တက်ရောက်ခြင်းပင် ဖြစ်တေ။

သက်ကြီးပညာရီး နည်းစနစ်

            ဇာနည်းစနစ်က ဇာအချိန်မှာ အသင့်တော်ဆုံးလဲ ဆိုစွာက အကြောင်းအရာအများကြီးဘားမှာ မူတည်ရေ။ အခြေခံအကျဆုံးအချက်တခုက ဇာကိုရွီးခြယ်ရဖို့လဲ ဆိုစွာပင်ဖြစ်တေ။ မိခင်တိရေ သားသမီးတိကို လမ်းလျှောက်ဖို့၊ စကားပြောဖို့စွာကို ပီးလို့မရ။ လမ်းလျှောက်ခြင်း၊ စကားပြောခြင်းရေ အမိက အသျှေကို ပီးလို့ရရေ ပစ္စည်းမဟုတ်။ အချေက သူ့ မှာနဂိုဟိပြီးသား လမ်းလျှောက်ဖို့တတ်တေ ပင်ကိုယ်စွမ်းရည်အရ လမ်းလျှောက်ဖို့တတ်လာအောင်ရာ အမိက ကူညီပီးစွာဖြစ်တေ။ သက်ကြီးပညာရီးဆိုစွာလဲ ယင်းအတိုင်းရာဖြစ်တေ။ သင်ပြသူတိက သင်ယူသူတိကို သက်ကြီးပညာရီးစနစ်မှာ သူရို့ပိုင်ဆိုင်ထားစွာတခုကို ပီးစွာမဟုတ်။ သင်ယူသူတိက သူ့ ပင်ကိုယ်စွမ်းရည်နန့်သူ တိုးတက်လာအောင် သင်ပြသူက ကူညီပီးခြင်းရာဖြစ်တေ။ ဆိုလိုချင်စွာကတော့ သက်ကြီးပညာရီးစနစ်မှာ သင်ပြသူတိရေ သင်ယူသူတိနန့်တတူ သူရို့ချမှတ်ထားရေ ပညာရီးနန့် လက်တွိလုပ်ဆောင်ချက်တိမှာ အစကတည်းကပင် ပါဝင်ရဖို့ဖြစ်တေ။ သင်ယူသူတိက သူရို့အတွက် တခုခုရည်စူးပနာ လုပ်နိန်ရေအလုပ်တိမှာ ကိုယ်တိုင် ပါဝင်ဆောင်ရွက်နိုင်မှရာ တခုခုရဟိနိန်ရေဆိုရေအသိ နန့် အတွေးအခေါ်ချေတိကို လက်ဆုပ်လက်ကိုင်ပြုမိနိုင်ကတ်ဖို့ဖြစ်တေ။ ယပြီးမှရာ ယင်းအလုပ်တိရေ သူရို့တိအတွက်လုပ်တေအလုပ်တိဖြစ်လာဖို့။ သင်ယူသူတိဧ။် ပူပေါင်းပါဝင်နိုင်ရေအလုပ်တိကတော့ ဇာမဆိုဖြစ်နိုင်ရေ။ ဆွေးနွေးခြင်းထဲမှာ ၀င်လို့ဆွေးနွေးစွာပင်ဖြစ်ဖြစ်၊ စာအသံထွက်ပနာ ဖတ်စွာတိ၊ အသံမထွက်ဘဲဖတ်စွာတိ၊ မြီကိုလိုအပ်တေ အတိုင်းအတာပမာဏဖြစ်အောင်ထွန်ယက်စွာတိပင်ဖြစ်ဖြစ် ဖြစ်နိုင်ရေ။ အရီးကြီးစွာတခုက သင်ယူသူတိရေ လုပ်ယင်းကိုင်ယင်းပင်း သင်ယူကတ်ရဖို့ဖြစ်တေ။ ပထမဥပမာထဲက အဘုချေတိ လမ်းလျှောက်ဖို့တတ်အောင် လမ်းလျှောက်ယင်း သင်ရေပိုင်ပင်ဖြစ်တေ။

               ဒုတိယအခြေခံကျရေအကြောင်းအရာတခုက လူတိရေ သူရို့စိတ်ဝင်စားရေဘာသာရပ်တိထဲက သူရို့သိထားစွာတိကို သတိမပြုမိခကေတောင်မှ တခုခုကိုတော့ သိနိန်ကတ်တေ။ သင်ပြသူ ဆြာတိ မသိရေအကြောင်းအရာတခုခုကိုတော့ သူရို့ တိသိထားဖို့ဖြစ်တေ။ ဥပမာ ပြောရကေ ရွာသားတိရေ ဇာအချိန်၊ ဇာရာသီမှာ ငှက်ဖျားရောဂါ အဆိုးဆုံးဖြစ်တတ်ပြီးကေ အသက်အရွယ်၊ နိန်ထိုင်မှုနန့် အလုပ်အကိုင်ကိုလိုက်လို့ ဇာလူအုပ်စုကအများဆုံး ယင်းရောဂါကို ခံကတ်ရလေဆိုစွာတိကို သိကတ်ဖို့ဖြစ်တေ။ ယင်းပိုင် သင်ယူသူတိ ကြိုတင်သိဟိထားရေ အခြေခံကျရေအကြောင်းအရာတိကို အခြေခံပြုပြီမှရာ ယင်းဟင့်နန့်ပတ်သက်လို့ ပိုလို့နားလည်မှုတိဟိလာအောင် လုပ်ရဖို့ ဖြစ်တေ။ သင်ယူသူတိ နဂိုသိဟိထားရေအကြောင်းအရာတိကို ဆွဲထုတ်ပြီးကေ ရှိဆက်ပြီးကေ သင်ဖို့အကြောင်းအရာအသစ်တိနန့် ဆက်စပ်လို့ သင်ပြစွာရေ သင်ပြသူတိအနိန်နန့် ကိစ္စသုံးရပ်ကို လုပ်လိုက်ခြင်းပင်ဖြစ်တေ။ ပထမအနိန်နန့် သင်ပြသူက သင်ယူသူတိကို ပညာရီးဖြစ်စိုင်မှာ ပူးပေါင်းပါဝင်လို့ ရရေဆိုစွာကို ပြသပြီးကေ ပညာသင်ချင်ရေလူတိဧ။် သူရို့စွာသူရို့ ယုံကြည်စိတ်ကို တည်ဆောက်လိုက်တေ။ ဒုတိယတချက်အနိန်နန့် သင်ယူလိုသူတိဧ။် အတွိအကြုံတိ၊ တွိဟိချက်တိရေ ထင်မြင်ယူဆချက်တိ၊ ခွဲခြမ်းစိတ်ဖြာခြင်းတိနန့် ပေါင်းစပ်ပလိုက်တေအခါ ဆက်စပ်မှုဟိလာစွာကို ပညာသင်ခြင်းနည်းနာ နိသျှတခုအနိန်နန့် ပြလိုက်တေ။ နောက်ပြီးကေ တတိယတချက်အနိန်နန့် သင်ယူသူတိဧ။် အသိအမြင်တိကို အချင်းချင်း ဖလှယ်စီပနာ အားလုံးသူတတူတူစုပေါင်းပြီးကေ သူရို့ဘ၀တိကို နားလည်ပနာ၊ ပြုပြင်ဖန်တီးနိုင်အောင် လုပ်ပီးလိုက်ခြင်းပင်ဖြစ်တေ။

                  အရေးကြီးစွာတချက်က သင်ပြသူရေ လူတိအတွက် ဂေါင်းဆောင်တစ်ယောက်လဲ ဖြစ်တေပိုင် ညွှန်ပြသူလဲ ဖြစ်ပြီးကေ သင်ယူသူတိနန့် ခရီးတတူတည်းလားရဖို့ လူလဲဖြစ်တေ။ သက်ကြီးပညာရီးအတွက် စည်းရုံးဆောင်ရွက်တေလူတိ၊ သင်ပြသူတိရေ ယင်းချင့်ထက် မပိုသင့်။ သင်ပြသူတိရေ သက်ကြီးပညာရီးမှာ ပူပေါင်းပါဝင်ကတ်တေ သင်ယူသူတိနန့်တူတည်း တဆင့်တည်းဟိကတ်ရဖို့ဖြစ်တေ။ ယင်းပိုင် သင်ပြသူနန့် သင်ယူသူတိ သာတူညီမျှခြင်းဟိပြီးကေ နှစ်ဦးနှစ်ဖက်အကျိုးအတွက် အလုပ်တတူလုပ်ကတ်မှရာ အသိုင်းအ၀ိုင်း နန့် မြို့ ရွာနိုင်ငံတိက လူသားအင်အားအရင်းအမြစ်ကို အပြည့်အ၀ အသုံးချနိုင်ကတ်ဖို့ဖြစ်တေ။ ယင်းပိုင် အသိအမြင်ဗဟုသုတချင်းဖလှယ်နိုင်ရေ အကြောင်းအရာတိထဲက သင်ပြခြင်း နည်းစနစ်မျိုးစုံကို ကျင့်သုံးနိုင်ရေ။

                 အကြောင်းအရာတစ်ခုခုအတွက် အသင့်လျော်ဆုံး နည်းစနစ်ကတော့ပညာသင်ချင်ကတ်တေ အသိုင်းအ၀ိုင်း နန့် ယင်းနိုင်ငံကလူတိနိန်ထိုင်ကတ်တေ အသိုင်းအ၀ိုင်းမှာ ဖြစ်ပျက်နိန်ရေအခြေအနိန်၊ ဟိနိန်ရေ ပညာသင်ထောက်ကူပြု အရင်းအမြစ်တိနန့်ဆိုင်ရေ။ လျှပ်စစ်မီးတိ၊ နည်းပညာ ကျွမ်းကျင်သူတိ မဟိဘဲနန့် (ပညာသင်ကြားရီးစနစ်အတွက်) ပရိုဂျက်တာတိ၊ လျှပ်စစ်သင်ပုန်းကြီးတိ ဟိဖို့အတွက် အချိန်နန့် ဖေသာ အကုန်ကျခံဖို့ ဆိုစွာရေ ကောင်းရေစိတ်ကူးတခုမဟုတ်။ ယက်ပြတ်ကြွီးမြီကျပနာ ကြွီးဆပ်နိန်ရရေ အသိုင်းအ၀ိုင်း၊ နိုင်ငံတခုအတွက် စက်ပိုင်းဆိုင်ရာပစ္စည်းတိလိုအပ်တေ နည်းပညာပိုင်းကို ပညာရီးစနစ်မှာ အားထားနိန်စွာရေ အသုံးဝင်ဖို့မဟုတ်။ ယေဇုကြောင့်နန့် ဆင်းရဲရေနိုင်ငံတိအတွက် ဈီးသက်သာရေ သင်ထောက်ကူပြု နည်းပညာတိကို သုံးရဖို့ ဖြစ်တေ။ ယပြီးကေ သင်ပြသူနန့် သင်ယူသူတိ တွိဆုံရေနိန်ရာက နဂိုဟိနိန်ပြီးသား အရင်းအမြစ် ပစ္စည်း ပစ္စည်းယတိကိုပင် အသုံးချကတ်ရဖို့ဖြစ်တေ။ ကိုယ်ထူကိုယ်ထစနစ်ရေ ကကောင်းကောင်းရေ ပညာရီးနည်းစနစ်ဖြစ်ပြီးကေ ရှိဆက်ဖြစ်လာဖို့ ဖွံဖြိုးခြင်းတိအတွက်လဲ အခြေခံကျရေ လိုအပ်ချက်တခုလဲဖြစ်တေ။

သက်ကြီးပညာရီး အဖွဲ့ အစည်း

            ဒေအဖွဲ့ အစည်းတိစွာ သက်ကြီးပညာရီးမှာ ကိုယ်ထူကိုယ်ထစနစ်ကို အများကြီး ဦးတည်ဖို့လိုအပ်တေ။ သေခြာစွာတခုကတော့ နိုင်ငံတိုင်း လုပ်ကိုလုပ်ရဖို့ (၀ါ) လုပ်ဖို့ ဆန္ဒဟိသင့်ရေ ပြီးပြည်စုံရေ (ပုံသီ) သက်ကြီးပညာရီးအဖွဲ့ အစည်းဆိုစွာ မဟိ။ အဖွဲ့ အစည်းပုံစံစွာ နိုင်ငံတခုစီမှာဖြစ်တည်နိန်ရေ လိုအပ်ချက်၊ အရင်းအမြစ်၊ ယိုင်ကျေးမှု နန့် နိုင်ငံရီးခံယူချက် တိကိုလိုက်ပြီးကေရာ ပုံဖော်ရဖို့ဖြစ်တေ။ ချောင်လွှဲလို့ မရစွာတခုက သက်ကြီးပညာရီးတိုင်းအတွက် အရင်းအမြစ်ဆိုစွာ လိုအပ်ခြင်းပင်ဖြစ်တေ။ သင်ထောက်ကူပြု အရင်းအမြစ်မဟိဘဲတော့ သက်ကြီးပညာရီးတခု မဖြစ်နိုင်။ စီးပွားရီး အဆင်မပြေမှုတိကြောင့် ဆင်းရဲနိန်ရေနိုင်ငံတိအတွက်ကအစိုးရတိကတော့ သက်ကြီးပညာရီးအတွက် ဖေသာကို ချွေတာပနာ သုံးစွဲရရေအတွက် မလိုလားအပ်တေ အခြေအနိန်တိ နန့် ရင်ဆိုင်ကတ်ရရေ။ လေ့ကျင့်သင်ကြားပြီးသားလူတိဖြစ်တေ လူသားအရင်းအမြစ် မဟိခါလဲ ယင်းလူတိကို သက်ကြီးပညာရီးအတွက် မသုံးနိုင်ဘဲ ယင်းဟင့်ထက်ပိုလို့မြင့်ရေ စီမံခန့်ခွဲရီးအလုပ်တိကို ပီးရရေ အခြေအနိန်တိလဲ ဟိကတ်တေ။

              အဆောက်အဦးတိနန့် သင်ပြသူတိကို အသုံးချစွာမှာ သက်ကြီးပညာရီးအတွက် အချေသူငယ်တိ ပညာရီးစနစ်ကို အတုလားခိုးစွာရေ သေခြာရေ မှားယွင်းခြင်းတခုပင်ဖြစ်တေ။ သက်ကြီးပညာရီးအတွက် အသင့်လျော်ဆုံး သင်ပြသူတိရေ တခြားတခြားအလုပ်တိကို ပါတပြိုင်တည်းလုပ်နိန်ကတ်တေလူတိ ဖြစ်လေ့ဖြစ်ထဟိကတ်ပြီးကေ ယင်းလူတိရေလဲ သင်ပြခြင်းအလုပ်ကိုပါ လုပ်ကတ်တေ။ ယေဒါလဲ သင်ပြရေအလုပ်ကို အချိန်ပြည့်လုပ်နိုင်ရေလူတိ (သို့ မဟုတ်) သက်ကြီးပညာရီးနယ်ပယ် အမျိုးမျိုးထဲမှာ ဖြန့်ကြက်ပါဝင်နိုင်ရေလူတိ ပါဖို့က မဟိမဖြစ်လိုအပ်တေ။ ယင်းလူတိ ယင်းအလုပ်တိကို ထိထိရောက်ရောက်လုပ်နိုင်ဖို့အတွက် လခတိ၊ သင်ထောက်ကူပြုပစ္စည်းတိ၊ လိုအပ်တေ အသုံးပြုပစ္စည်းတိလဲ ပီးဖို့လိုအပ်တေ။ ယင်းပိုင်လူတိ ဇာနှစ်ယောက်လိုအပ်လေ၊ ပညာရီးဌါန တစ်ခု (သို့) ၀န်ကြီးဌါနပေါင်းစုံအောက်မှာ ဇာပိုင်ထားရဖို့လဲ ဆိုစွာကတော့ လက်ဟိရပ်ရွာမှာဖြစ်နိန်ရေအကြောင်းအရာတိဘားမှာ မူတည်ပြီးကေ တချိန် နန့် တချိန် ကွဲပြားပြီးကေ ဖြစ်လာနိုင်ရေ။ သေခြာစွာတခုကတော့ အကျွန်ရို့တိ တန်ဇေးနီးယားနိုင်ငံမှာတော့ ဒေပိုင် အဖွဲ့ အစည်းပြသနာမျိုးကို စိတ်ကြေနပ်လောက်အောင် ကိုင်တွယ် မဖြေယှင်းနိုင်သိမ့်။

                ယေဇုနန့် တိုးတက်ဖွံဖြိုးမှုတိ လုပ်ဆောင်စွာတိ အာလုံးထဲမှာ သက်ကြီးပညာရီးကို ပထမ ဦးစားပီးအနိန်နန့် ထားရဖို့ဖြစ်ပြီးကေ အစိုးရနန့် တခြားအဖွဲ့ အစည်းတိက အရင်းအမြစ်တိကို ဆက်ကာဆက်ကာ သုံးစွဲရဖို့ဖြစ်တေ။ ယင်းပိုင်ယာ အစိုးရက နိုင်ငံရီးနန့်ုဆိုင်ရေ ဆုံးဖြတ်ချက်တိ ချက်ခါလဲ ဒေသက်ကြီးပညာရီးကို ဦးစားပီး ဆုံးဖြတ်သင့်ရေ။ သက်ကြီးပညာရီးကို ထိထိရောက်ရောက် ဆောင်ရွက်တေအတွက် နန့် ယင်းဟင့်ရေ လွတ်လပ်တေ လူသားတိက သူရို့ အနာဂတ်တိအတွက် လိုအပ်ချက်တိကို တောင်းဆိုဖို့အတွက် အင်အားတရပ်လဲ ဖြစ်လာရေ။

                ပညာရီးရေ လူတိကို သိချင်စိတ်တိဟိလာအောင်၊ အတွေးအမြင်ဟောင်း၊ အခြေအနိန်ဟောင်းတိကို မိန်းခွန်းထုတ်ဖို့အတွက် ပံ့ပိုးကူညီပီးရေ။ ပညာတတ်တေ ရွာက လူတိရေ ဥပမာ ရိုးသားမှုမဟိရေ စရင်းစစ်တိ၊ အာဏာရှင်ဆန်ရေ ခေါင်းဆောင်တိ အပြုအမူကို လုံးဝ ခွင့်လွတ်ကတ်ဖို့မဟုတ်။ ပညာတတ်တေလူထုစွာ သူရို့ရွီးကောက်တင်မြောက်လိုက်တေ အမတ်တိ၊ ယုတ်စွာအဆုံး သမ္မတကိုတောင် စိန်ခေါ်ပြီးကေ မိန်းခွန်းတိ မိန်းကတ်ဖို့။ ယေဇုနန့် အစိုးရဌါနတိမှာ သက်ကြီးပညာရီးရေ ဂျောင်ထိုးခံလာရရေ။ ယင်းသက်ကြီးပညာရီးလုပ်ဆောင်ချက်တိကိုလဲ သတင်းစာတိ၊ ဗိုက်စကုပ်နန့် တီဗွီ ပိုင်သျှင်တိနန့် အယ်ဒီတာတိက သူရို့ ပုဂ္ဂလိက အမြင်တိနန့် ခြေဖျက် တိုက်ခိုက်လာစွာတိဟိရေ။ အကျွန်ရို့ တန်ဇေးနီးယားနိုင်ငံက သက်ကြီးပညာရီးကတော့ ယင်းဟင့်တိနန့် လွတ်ကင်းရေ ခြွင်းချက်တခုလို့တော့ မဆိုလိုပါ။ အကျွန်ရို့ယုံကြည်ချက် တိနန့် ချမှတ်ထားရေ ပေါ်လစီတိက ယှင်းလင်းပြတ်သားရေ။ ယေဒါလဲ လက်တွိလုပ်ဆောင်ချက်တိကတော့ ဝေဖန်မှုတိကနိန် မလွတ်ကင်းနိုင်သိမ့်ပါ။

               သက်ကြီးပညာရီးကို ဦးစားပီးအနိန်နန့် ဆောင်ရွက်ကေတောင်မှ ယင်းဦးစားပီးထားစွာကနိန် ထပ်လို့ ဦးစားပီးတိကို ဆောင်ရွက်ဖို့လိုအပ်တေ။ သက်ကြီးပညာရီးအတွက်လိုအပ်တေ အရင်းအမြစ်တိစွာ ကကောင်းများများစားစား မဟိ။ ဆင်းရဲရေနိုင်ငံတိနန့် ခစ်နောက်ပြန်ဆွဲရေ နိုင်ငံတိမှာ အရင်းအမြစ်တိစွာ လိုအပ်ချက်တိနန့် နှိုင်းစားကေ ကကောင်းအနည်းချေရာဟိရေ။ ယေဇုနန့် ယေဘုယသဘောဆန်ရေ ပညာရီး၊ ကွဲပြားခြင်းနားပြီးကေ စနစ်တကျလုပ်ထားရေ လူထုပညာရီး၊ ရေဒီယို၊ စာပီတိကို လူထုဘားတို့ အလုံးအရင်းဖြန့်ဖြူပီးခြင်း၊ ကျောင်းနိန်ပညာရီး၊ ဆြာအတတ်သင်ပညာရီး၊ မလေ့ကျင့်ထားရေ ဆြာတိအတွက် နည်းပညာတိ မြင့်တက်ခြင်းဆိုစွာတိထဲက တခုခုကို ရွီးခြယ်ရဖို့ဖြစ်တေ။

               ပြောချင်စွာက အထက်ကပြောခရေပိုင် မဟိမဖြစ်လိုအပ်တေ လုပ်ဆောင်ချက်တိကို ချင့်ချိန်ပနာ ရွီးခြယ်ဖို့ အကောင်းဆုံး ရွီးခြယ်မှုဆိုစွာလဲ မဟိ။ ဇာရွီးခြယ်မှုက သင့်လျော်လေဆိုစွာက လူတိမှာဟိရေ အသိအမြင်အဆင့်၊ နယ်ပယ်အရပ်ရပ်ကို နားလည်နိုင်ခြင်းအဆင့်၊ လူတိမှာဟိရေ သင်ထောက်ကူပြုအရင်းအမြစ် တခြား အသုံးဝင်ရေ ပစ္စည်းပစ္စည်းယတိဘားမှာရာ မူတည်ရေ။ အကျွန်ရို့ တန်ဇေးနီယားမှာကတော့ ဒုက္ခတိ၊ အဖြစ်ဆိုးတိကြုံလာကေ ပြောကတ်တေ “အရာရာ ဘုရားသခင် အလိုအတိုင်းယာ” ဆိုရေ အဆင့်ကို ကျော်ခပြီးကတ်ယာဖြစ်တေ။ ယေဇုကြောင့်နန့် လူတိကို သူရို့ဖွံဖြိုးခြင်းအတွက် လိုအပ်တေ တန်ဆာပလာတိဖြစ်တေ စာတတ်မြောက်ရီး၊ ကျမ်းမာရီးအတွက်လိုအပ်တေ အသိအမြင် ဗဟုသုတ၊ ထုန်လုပ်ခြင်းအတွက် လိုအပ်တေ တိုးတက်မှုတိ၊ သူရို့နိန်ထိုင်ရေ နိန်ရာတိတိုးတက်ရီး၊ ယပြီးကေ ယင်းလိုအပ်ချက်တိ ပြည့်စုံဖို့ အခြေခံလိုအပ်ချက်တိကို ရဟိဖို့ ကူညီနိန်ကတ်ဗျာယ်ဖြစ်တေ။

              ယေဒါလဲ ဒုတိယအဆင့်အနိန်နန့် အကျွန်ရိုတိမှာ အရင်းအမြစ်တိမလုံလောက်တေအတွက်နန့် အခက်အခဲတိ ရင်ဆိုင်ကတ်ရရေ။ ယင်းဟင့်က ဖွံဖြိုးခြင်းတိလုပ်ဖို့ လူတိအရည်အချင်းတိ ပြည့်မှီလာခါ သူရိ့တိ အသုံးပြုဖို့ ထယ်သွားတိ နန့် ဆောက်လုပ်ရီးပစ္စည်းတိကို သင့်တင့်ရေ ဈီးနှုန်းနန်ံ သူရို့ဝယ်ယူနိုင်အောင်လုပ်ပီးဖို့ရေ ကိစ္စပင်ဖြစ်တေ။ ယေဒါလဲ ဆိုရိုးတခုကပြောထားရေအတိုင်း တန်ဖိုးဟိရေ ဇာအရာကိုမှလဲ အလွယ်ကာချေ နန့်မရ။ ယင်းပိုင်ယာ သက်ကြီးပညာရီးဆိုစွာလဲ တန်ဖိုးမဟိရေ အရာတခု မဟုတ်။ ယင်းသက်ကြီးပညာရီးဆိုစွာလဲ လွတ်လပ်တေ လူမှုအသိုင်းအ၀ိုင်းက လွတ်လပ်တေလူတိ တိုးတက်စီဖို့ အဓိက သော့ချက်ပင်ဖြစ်တယ်။ ယင်းသက်ကြီးပညာရီးဧ။် လုပ်ဆောင်ချက်က လူတိကို သူရို့အတွက် စိုင်းစားတတ်လာအောင်၊ သူရို့ကိုယ်ပိုင်ဆုံးဖြတ်ချက်ကို ချတတ်လာအောင်၊ ယင်းဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်နိုင်အောင်အတွက်ပင်ဖြစ်တေ။


ငါ…လူတစ်ယောက်

နောက်ကုန်းမှာ

ဘူးသီးပိုးနိန်၊

သူ့ ကို လိုင်စိဖျစ်ပနာ

ငါ့ကို ထမ်းလို့လားဖို့လဲ ခိုင်းရေ၊

ငါကိုယ်တိုင်နန့် သူများတိကိုတော့

ယင်သူ့ အတွက် ၀မ်းနည်းကြောင်းပြောပနာ

သူ့ ဝန်ထုပ်ဝန်ပိုးဖြစ်တေ ငါ့ကို လျှော့လားစီဖို့

သူ့ နောက်ကုန်းကနိန် ငါ့ကို မချဘဲ

ဖြစ်တေနည်းနန့် တခုခုလုပ်ဖို့ပြောရေ….။ (လီယိုတော်စတွိုင်း)


မောင်မောင်


(Jullus Kambarage Nyerere ရီးရေ Adult education and development ကိုဘာသာပြန်ပါသည်။)





No comments:

Post a Comment